ဂရုစိုက်ခြင်းကတ်မျာ

စိတ်ကျန်းမာရေးကောင်းဖို့အတွက်စကားပြောဆွေးနွေးခြင်းများ

“စိတ်” ကျန်းမာရေးအတွက် စကားပြော ဆွေးနွေးခြင်း။ ကိုယ်အလေးထား ဂရုစိုက်ရတဲ့သူ တစ်စုံတစ်ယောက်နဲ့ နောက်ဆုံးဘယ်အချိန်တုန်းက လေးလေးနက်နက် စကားပြောဆိုခဲ့လဲ?

စကားစလိုက်ကြစို့

ပထမဆုံးအကြိမ်ဂရုစိုက်ခြင်းကတ်များ (Caring Cards)ကို အသုံးပြုနေတာလား? အောက်ပါတစ်ခုကိုရွေးချယ်ခြင်းဖြင့်စတင်နိုင်ပါတယ်။

လုပ်စဉ်အဆင့်ဆင့်

  1. ၁။ အောက်တွင်သင်နှစ်သက်သောအကြောင်းအရာကိုရွေးချယ်ပါ
  2. ၂။ သင်ပြောလိုသောကတ်ကိုရွေးပါ
  3. ၃။ စတင်စကားပြော!

 

ครอบครัว
ความรู้สึก
ความสัมพันธ์
การดูแลตัวเอง
ต้นเหตุความเครียด

ဂရုစိုက်ခြင်းကတ်များသုံးရတာသဘောကျလား? ကတ်များရဲ့ပရင့်ထုတ်နိုင်သောဗားရှင်းကိုဒီမှာ ရယူနိုင်ပါတယ်။

သတိပေးချက်!

ဂရုစိုက်ခြင်းကတ်များ (Caring Cards) ကတ်များကို စိတ်ကျန်းမာရေးအတွက်စကားပြောသုံးစွဲနိုင်ပေမဲ့၊ ဒီကတ်များကိုကျွမ်းကျင်ပညာရှင်ရဲ့ဆွေးနွေးလမ်းညွှန်ဝန်မှုနှင့်စိတ်ရောဂါခွဲခြားဆုံးဖြတ်ခြင်းများအတွက် အစားအသုံးမပြုသင့်ပါ။ မသေချာလျှင်၊ ပိုမိုလိုအပ်လျှင်ကျွမ်းကျင်ပညာရှင်ထံချဉ်းကပ်ပါ။

ကျေးဇူးပြု၍ ကျန်းမာရေးဝင်ဆောင်ရေးပရဟိတအဖွဲ့ (HealthServe) +၆၅ ၃၁၂၉ ၅၀၀၀ (၂၄ နာရီအကူအညီလိုင်း ) ကိုဆက်သွယ်ပါ။

ကျန်းမာရေးဝင်ဆောင်ရေးပရဟိတအဖွဲ့ (HealthServe) +၆၅ ၃၁၂၉ ၅၀၀၀ (၂၄ နာရီအကူအညီလိုင်း )

ဂရုစိုက်ခြင်း(CARE)ပြဖို့ မမေ့ပါနဲ့။

C – နှုတ်လုံခြင်း

သူ(သို့မဟုတ်)သူများအတွက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေမှ လွဲပြီး၊ တစ်ယောက်ယောက်ကသင်နဲ့မျှဝေထားတဲ့အရာကို နှုတ်လုံအောင်ထားပါ။

A – သိမြင်ခြင်း

လူတိုင်းမှာမတူညီတဲ့ပြသနာတွေရှိသလို ရင်ဆိုင်တုံပြန်မှုလဲကွဲပြားကြပါတယ်။ ဒါကိုသိမြင်နားလည်ပေးပါ။

R – လေးစားခြင်း

သူတို့ကိုယ်သူတိုဖော်ပြနိုင်ဖို့ဘေးကင်းလုံခြုံတဲ့နေရာတစ်ခုပေးခြင်းဖြင့် တစ်ဖက်လူရဲ့မျှဝေအတွေးနဲ့ခံစားချက်တွေကိုလေးစားပါ။

E – စာနာမျှဝေခံစားခြင်း

ဂရုတစိုက်နားထောင်ခြင်း၊ တစ်ဖက်လူ၏အမြင်ကိုစီရင်ဆုံးဖြတ်ခြင်းမရှိဘဲလက်ခံနားလည်ခြင်းဖြင့် စာနာမှုပြမျှဝေခံစားခြင်းလုပ်ပါ။

ဂရုစိုက်ခြင်းကတ်များ (Caring Cards) အကြောင်း

ခန္တာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးကိုအလေးထားတဲ့ပရဟိတအဖွဲ့အစည်းငယ်တစ်ဖွဲ့ အနေဖြင့် လူမှုဆက်သွယ်ရေးဟာစိတ်ကျန်းမာရေးကောင်းဖို့အတွက်အရေးကြီးကြောင်း လက်ခံအသိမှတ်ပြုပါတယ်။ ဒီလိုကမ္ဘာအနှံ့ရောဂါဖြစ်ပွားနေသောကာလမှာ လူမှုဆက်သွယ်ရေးဟာ ပိုပြီး အရေးပါလာပါတယ်။

ဒါ့ကြောင့် ဂရုစိုက်ခြင်းကတ်များ (Caring Cards)ကို ကျွန်တော်တို့ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အလေးထား ဂရုစိုက်ရတဲ့ အခွင့်ခံနိမ့်ပါးသူတွေဖြစ်တဲ့ စကားနည်းပြီး အတွေးတွေ အများကြီးရှိတဲ့သူတွေ၊ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း စိတ်ကျန်းမာရေးထိခိုက်ခံစားနေရတဲ့သူတွေနဲ့ စကားပြောချင်ပါတယ်။ သူတို့ကတော့ စင်ကာပူနိုင်ငံရဲ့ အသံတိတ် သူရဲကောင်းများ ဖြစ်ကြတဲ့ ကျွန်တော်တို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပဲ ဖြစ်ပါတယ်။

ဂရုစိုက်ခြင်းကတ်များ (Caring Cards) ဘယ်သူတွေအတွက်ရည်ရွယ်ထားတာလဲ?

ဂရုစိုက်ခြင်းကတ်များ (Caring Cards) ကိုရွှေ့ပြောင်းညီအကိုများအတွက် ဖန်တီးခဲ့ခြင်းဖြစ်ပေမဲ့ အခြားသူတွေလဲ ဒီကတ်ေတြကို စိတ်ကျန်းမာရေးအတွက် စကားပြောသုံးစွဲကြဖို့ အသုံးပြုနိုင်ပါတယ်။

ကျေးဇူးတင်ရှိကြောင်း

ကျန်းမာရေးဝင်ဆောင်ရေးပရဟိတအဖွဲ့ (HealthServe)အနေဖြင့် ဝိုင်းဝန်းကူညီပေးနေတဲ့ တစ်ဦးတစ်ယောက်ချင်းစီနှင့် အဖွဲ့အစည်းတွေကို သူတိုတွေမပါပဲ ဒီပရောဂျက်တွေမဖြစ်လာနိုင်ကြောင်း အသိအမှတ်ပြုချင်ပါတယ်။ စင်ကာပူနိုင်ရှိရွှေ့ပြောင်းအလုပ်သမားများရဲ့ ပြန်လည်ကောင်းမွန်ခြင်း နှင့်မျှော်လင့်ချက်များ ရှင်သန်နိုင်အောင်လို့ စေတနာကောင်းနဲ့ ကူညီပေးခြင်းနှင့် ကိုယ်ကျိုးမငဲ့ပေးဆပ်ခြင်းတွေအတွက် ကျေးဇူးတင်ပါတယ်။

  • ကျွန်တော်တို့ရဲ့ရွှေ့ပြောင်းအလုပ်သမားသူငယ်ချင်းများ – ဂရုစိုက်ခြင်းကတ်များ (Caring Cards) များဖန်တီးဖို့အတွက် ကွင်းဆင်းစရင်းကောက်ယူချိန်အတွင်းသူတို့ရဲ့တန်းဖိုးရှိမျှဝေအတွေးခံစားချက်များ
  • ကျန်းမာရေးဝင်ဆောင်ရေးပရဟိတအဖွဲ့ (HealthServe) ရဲ့စေတနာ့ဝန်ထမ်းများနှင့်အလုပ်သင်များ – ဒီပရောဂျက်အတွက် ကျန်းမာရေးဝင်ဆောင်ရေးပရဟိတအဖွဲ့ (HealthServe) ရဲ့စိတ်ကျန်းမာရေးနှင့်ဆွေးနွေးလမ်းညွှန်ဝန်ဆောင်မှုအသင်း (Mental Health & Counselling Services) နှင့်အတူတူသူတို့ရဲ့ဝိုင်းဝန်းကူညီမှုများ
  • အတိုင်ပင်ခံစိတ်ရောဂါ အထူးကုဆရာဝန်ကြီး၊ ကျန်းမာရေးဝင်ဆောင်ရေးပရဟိတအဖွဲ့ (HealthServe) ရဲ့ဘုတ်အဖွဲ့ဝင် ဖြစ်တဲ့ ဒေါက်တာချန်လိုင်ဂွမ် (Dr. Chan Lai Gwen) – ဒီပရောဂျက်အတွက်သူမရဲ့လမ်းညွှန်မှုများ

In support of

ဆက်သွယ်လိုက်ပါ!

ဂရုစိုက်ခြင်းကတ်များဆက်စပ်တဲ့မေးခွန်းတွေရှိလား။ ဖုန်းနံပါတ်ထားခဲ့ပါ! ကျွန်တော်တို့ကြိုးစားမြန်မြန်ပြန်လည်ဆက်သွယ်ပါမည်။

"*" indicates required fields

“တင်သွင်း” ခလုတ်ကိုနှိပ်ခြင်းဖြင့်သင်သည် ကျန်းမာရေးဝင်ဆောင်ရေးပရဟိတအဖွဲ့ (HealthServe) ၏ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုယ်ရေးကိုယ်တာထုတ်ပြန်ချက်ကို သဘောတူပါသည်။
This field is for validation purposes and should be left unchanged.

မကြာခဏမေးသောမေးခွန်းများ

ဂရုစိုက်ခြင်းကတ်များ (Caring Cards) ကိုရွှေ့ပြောင်းညီအကိုများအတွက်ဖန်တီးခဲ့ခြင်းဖြစ်ပေမဲ့ အခြားသူတွေလဲဒီကတ်များကိုစိတ်ကျန်းမာရေးအတွက်စကားပြောသုံးစွဲကြဖို့ဖိတ်ခေါ်ကြိုဆိုပါတယ်။

သင်ဆန္ဒအတိုင်းပါ။ သင်အလိုရှိသလောက်သုံးနိုင်ပါတယ်။

ကျန်းမာရေးဝင်ဆောင်ရေးပရဟိတအဖွဲ့ (HealthServe)က ဒီကတ်များကို ကျွန်တော်တို့ကူညီထောက်ပံ့ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားလူအုပ်စုအတွက်ဖန်းတီးခဲ့ခြင်းဖြစ်ပါတယ်။ ဒီအုပ်စုက များသောအားဖြင့် အမျိုးသားများဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားဖြစ်လျှင်
၁. ၂၄ နာရီအကူအညီလိုင်း +၆၅ ၃၁၂၉ ၅၀၀၀ ကိုခေါ်ဆိုပါ (သို့မဟုတ်)

ရွှေ့ပြောင်းအလုပ်သမားမဟုတ်ပါက ဒီမှာ သင့်လျော်သောအကူအညီကိုရယူနိုင်ပါတယ်။

မသိနိုင်ပါဘူး။ စိတ်ကျန်းမာရေးပညာရှင်မဟုတ်ပါကခွဲခြားဆုံးဖြတ်ခြင်းမပြု သင့်ပါ။ လိုအပ်ပါကကျွမ်းကျင်ပညာရှင်ထံချဉ်းကပ်ပါ။